Safety is our first priority
မင်္ဂလာဆေးရုံကြီး၏ ပထမဉီးစားပေးသည် ” လုံခြုံရေး ” ဖြစ်သည်။ စစ်ကိုင်း ငလျင်ကြောနှင့် နီးကပ်စွာ တည်ရှိသော မန္တလေးမြို့၏ မင်္ဂလာဆေးရုံကြီးသည် ပြင်းထန်သော ငလျင်ဒဏ်ခံနိုင်မည့် အဆောက်အဉီးအဖြစ် ဒီဇိုင်းဆွဲကာ နောက်ဆုံးပေါ် ဆောက်လုပ်ရေးနည်းပညာများဖြင့် ခိုင်ခံ့စွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လူနာ၏ ဘေးကင်းလုံခြုံမှုသည် မင်္ဂလာဆေးရုံကြီး၏ ပထမဉီးစားပေးဖြစ်သည့်အားလျော်စွာ အမျိုးမျိုးသော နိုင်ငံတကာအဆင့်မှီ မီးဘေးကာကွယ်ရေးစနစ်များလည်း ထည့်သွင်းတည်ဆောက်ခဲ့ပါသည်။ သဘာဝနှင့် သဘာဝမဟုတ်သော ဘေးအန္တရာယ်များအတွက် အလုံခြုံဆုံးနှင့် စိတ်အချရဆုံးသော ဝန်ဆောင်မှုများပေးစွမ်းနိုင်မည့် ဆေးရုံကြီးတစ်ရုံအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းတည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။