Operation Theatre

မင်္ဂလာဆေးရုံကြီး၏ Operation Theatre ဌာနသည် Modular OT (၆) ခန်းဖြင့် တည်ဆောက်ထားပြီး အခန်းများသည် Laminar Air Flow of Class 100 (ISO5) ရရှိရန် စီမံဆောင်ရွက်ထားပါသည်။ European and American Standard များအရ ရောဂါပိုးမွှားများ ကင်းစင်စေရန် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသော အဆင့်အမြင့်ဆုံးသော Standard OT Room များ ဖြစ်သည်။ HEPA (High Efficiency Particulate Air) ဆိုသည့် လေထုထဲမှ ပိုးမွှားများနှင့် အမှုန်အမွှားများကို 99.97% ကာကွယ်ဖယ်ရှားပေးနိုင်သည့် စနစ်ကိုပါ တပ်ဆင်ထားရှိပါသည်။