Basic Life Support

လူနာဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု၏ အသက်သွေးကြောသည် လူနာများ၏ ဘေးကင်းလုံခြုံမှု ဖြစ်ပါသည်။ အသက်အန္တရာယ်နှင့် အရေးပေါ် အခြေအနေကြုံလာပါက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်ရှိ အသက်ပေါင်းများစွာကို အချိန်မှီ ကယ်တင်ပေးနိုင်မှာပဲ ဖြစ်ပါသည်။ မင်္ဂလာဆေးရုံကြီးအနေဖြင့် ဆေးရုံပရဝဏ်အတွင်း၌ လူနာနှင့်မိသားစုဝင်များ ၊ ဧည့်သည်များ အရေးပေါ်အခြေအနေ ကြုံလာပါက ဘေးကင်းလုံခြုံစွာနှင့် အချိန်မှီ စောင့်ရှောက်ကုသမှုပေးနိုင်ရန် ရည်ရွယ်ပြီး ဝန်ထမ်းအလွှာ အားလုံးကို Basic Life Support သင်တန်းများအား Myanmar Emergency Medical Services မှ သင်ကြားပို့ချပေးခဲ့ပါသည်။