ကျောက်ကပ်တွင် ကျောက်မဖြစ်စေရန် ကာကွယ်ခြင်း

  • ၁။ ရှောင်ရန်
  • ဘီယာ၊ ကွမ်း၊ အရိုးပါဝါးစားရသော ငါးကလေး၊ ပုစွန်ကျော့၊ မှို၊ မျှစ်၊ ဝမ်းတွင်းသားကလီစာများ၊ နီသောအသား (ဥပမာ – အမဲသား၊ ဆိတ်သား)။
  • ၂။ လျှော့စားရန်
  • ချဉ်ပေါင်၊ ဇီးသီး၊ ဟင်းနုနွယ်ရွယ်၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ ပဲပင်ပေါက်။
  • ၃။ လျှော့သောက်ရန်
  • လက်ဖက်ရည်၊ ကော်ဖီ၊ နွားနို့၊ ချောကလက် အလွန်အမင်းသောက်ခြင်း ကိုရှောင်ရန်။
  • ၄။ ဆောင်ရန်
  • ရေများများသောက်ရန်၊ ရေသည်ဆေးဖြစ်သည်။ ရေများများသောက်ခြင်းဖြင့် ကျောက်အတုံးအခဲ မဖွဲ့စည်းနိုင်မီ အမှုန့်ဘဝမှာပင် ဆီးများဖြစ်သဖြင့် ဆေးချလိုက်သကဲ့သို့ ဖြစ်နေသည်။ တစ်နေ့လျှင် အနည်းဆုံး ရေသန့်ဘူးအရွယ် (၂) ဘူးခန့် ရေအနေနှင့်သာ သောက်ရန်။ ရာသီဥတုပူ၍ ချွေးထွက်များလျှင် ရေသန့်ဘူး (၃)ဘူးစာ သောက်ရန် (သို့) ဆီးကြည်၍ အရောင်မရှိသည်အထိ သောက်ရန်။ (ဖျော်ရည်ဖျော်၍သောက်ခြင်း၊ ဖျော်ရည်ကို ရေအစားသောက်ခြင်းမျိုး မပြုလုပ်ရ။)