Chemotherpy

မင်္ဂလာဆေးရုံကြီးတွင် ကင်ဆာရောဂါဝေဒနာရှင်များအတွက် ပြီးပြည့်စုံသော Chemotherapy ဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါပြီ….

ကင်ဆာဆိုသည်မှာ- ခန္ဓာကိုယ်အတွင်းတွင် ပုံမှန်မဟုတ်သော ဆဲလ်များ အထိန်းအကွပ်မရှိပဲ ကြီးထွားပွားများလာခြင်းကိုခေါ်ပါသည်။ မြစ်ပွားနာ ဟုလည်းခေါ်ကြပါသည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာ မည်သည့်အစိတ်အပိုင်းတွင်မဆိ​ု ကင်ဆာဖြစ်ပွား နိုင်ပါသည်။

ကင်ဆာရောဂါအတွက် ကုသနည်းများ မှာ-

  • ခွဲစိတ် ဖယ်ရှားကုသခြင်း (Surgery)
  • ကင်ဆာဆေးသွင်း ကုသခြင်း (Chemotherapy)
  • ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation Therapy)
  • ကိုယ်ခံအားဖြင့် ကုသခြင်း (Immunotherapy)
  • ကင်ဆာဖြစ်ပွားသော ခန္ဓာကိုယ်အစိတ်အပိုင်းသို့ ကင်ဆာဆေးတိုက်ရိုက်ရောက်ရှိစေသော ကုသခြင်း (Targeted Therapy)
  • ဟော်မုန်းတိုးလျော့ခြင်းဖြင့် ကုသခြင်း (Hormonal Therapy)

၎င်းကုသနည်းများထဲမှ ခွဲစိတ်ဖယ်ရှားခြင်းအပြင် မင်္ဂလာဆေးရုံတွင် ကင်ဆာဆေးသွင်းခြင်းဖြင့် ကုသနိုင်ပါပြီ။

ကင်ဆာဆဲလ်များကို သတ်နိုင်သောဆေးများကို သွေးကြောများမှ တစ်ဆင့်သွင်းကာ ကုသခြင်းဖြစ်သည်။ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကဲ့သို့ပင် အများအားဖြင့် ခွဲစိတ်ပြီးမှ သွင်းလေ့ရှိပြီး လိုအပ်ပါက ကင်ဆာအကျိတ်ကို သေးစေရန် မခွဲစိတ်မှီ ကြိုတင်သွင်းလေ့ရှိပါသည်။ ခွဲစိတ်၍မရနိုင်ပဲရောဂါရင့်နေလျှင် ဤနည်းဖြင့်ကုသပါက သက်သာစေနိုင်သည်။ ကင်ဆာဆေးသွင်းကုသခြင်းသည် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ သို့ဖြစ်သော်လည်းဆေး၏ ဘေးထွက်ဆိုးကျိုးများလဲ ခံစားရနိုင်ပါသည်။ လူနာများ၏ ကိုယ်ခံအားပေါ်မူတည်၍ ကွဲပြားခြားနားနိုင်ပါသည်။

မင်္ဂလာ ဆေးရုံကြီးတွင် ရရှိနိုင်သောဝန်ဆောင်မှုများ

  • ဆေးရုံတက်စရာမလိုပဲ သက်တောင့်သက်သာဖြင့်အနားယူနိုင်အောင် Day Care Chemotherapy Centre ထားရှိပေးခြင်း။​
  • လူနာသိရှိလိုသော ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ကျွမ်းကျင်သောဆရာဝန်ကြီးများဖြင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း။
  • ခေတ်မှီ ဆေးဖျော်စက် Isolator Machine ကိုအသုံးပြုသည့်အတွက် အမှားအယွင်းမရှိပဲ တိကျမှန်ကန်သော ဆေးပမာဏဖြင့် ဆေးသွင်းခြင်းဖြစ်၍ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လုံခြုံစိတ်ချမှုရှိခြင်း။
  • ကင်ဆာဆေး သွင်းစဉ်အတွင်း လူနာအနီးတွင် တာဝန်ကျဆရာဝန်နှင့် သူနာပြုဆရာမတို့မှ အနီးကပ်ကြည့်ရှုစောင့်ရှောက်ပေးမည်ဖြစ်၍ လူနာအနေဖြင့်လုံခြုံစိတ်ချစွာဆေးသွင်းကုသနိုင်ခြင်း။

အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်သော ကင်ဆာအထူးကုဆရာဝန်ကြီးများဖြင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း တို့ဖြင့် နွေးထွေးစွာဝန်ဆောင်မှုပေးနေပါသည်။