Endoscopy Center
မင်္ဂလာဆေးရုံကြီး တွင် နောက်ဆုံးပေါ်စက်သစ်ကြီးများဖြင့် အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုကုသခြင်း စတင်၍ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်တယ်…
Endoscopy မှန်ပြောင်းကြည့်ရှုကုသခြင်းဆိုသည်မှာ ကင်မရာတပ်ဆင်ထားသည့် ပိုက်ပျော့ဖြင့် အစာအိမ် နှင့် အူလမ်းကြောင်းတစ်လျှောက်ရှိ ရောဂါများကို မခွဲမစိတ်ပဲ ရှာဖွေစစ်ဆေး ကုသခြင်းဖြစ်သည်။
မှန်ပြောင်းကြည့်ရှုကုသရန် လိုအပ်သော လူနာများမှာ
- ကျန်းမာရေး ဆေးစစ်လိုသူများ
- ဝမ်းဗိုက် မကြာခဏအောင့်သူများ
- အစာအိမ်ရောဂါ၊ အစာအိမ်အနာရှိသူများ
- အစာအိမ်အူလမ်းကြောင်းတစ်လျှောက် သွေးယိုစိမ့်မှုရှိသူများ
- အူမကြီးကင်ဆာ သံသယရှိသူများ
- သွေးအားနည်းရောဂါရှိသူများ
- နာတာရှည် အသည်းရောဂါ (သို့) အသည်းခြောက်ရောဂါရှိသူများ
- အသက် (၅၀) ကျော်မှ အစာမကြေရင်ပြည့်ရင်ကယ် မကြာခဏ ဖြစ်တတ်သူများ
- ရောဂါရှာမတွေ့ဘဲ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားသူများ
- အစာမျိုချရာတွင် ခက်ခဲမှုရှိသူများ
- မကြာခဏ ပျို့အန်တတ်သူများ
- ကော်ဖီရောင် (သို့) သွေးအန်သူများ
- ကတ္တရာစေးရောင် ဝမ်းမည်း သွားသူများ
- စအိုမှ သွေးကျသူများ
- ကာလအတန်ကြာ ဝမ်းလျှော/ဝမ်းချုပ်နေသူများ
- ရောဂါဇစ်မြစ်ရှာမတွေ့ဘဲ မကြာခဏ ဗိုက်နာတတ်သူများ ဖြစ်ပါသည်။
မင်္ဂလာဆေးရုံကြီးတွင်စစ်ဆေးကုသသော လူကြီးမင်းတို့ သက်တောင့်သက်သာနှင့် အေးအေးချမ်းချမ်း စစ်ဆေးနိုင်ရန်အတွက်
- ဝါရင့် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသောဆရာဝန်ကြီးများ မှ သေချာနားလည်အောင်ရှင်းပြခြင်းနှင့် စစ်ဆေးကုသပေးခြင်း
- ဝါရင့် ကျွမ်းကျင် အတွေ့အကြုံရှိသော သူနာပြုဆရာမများ မှ စောင့်ရှောက်မှုပေးခြင်း
- မှန်ပြောင်းကြည့်ပြီးသော အဖြေများကို တိကျမှန်ကန်စွာထုတ်ပေးခြင်းနှင့်ထိန်းသိမ်းထားပေးခြင်း
- မှန်ပြောင်းကြည့်ပြီးပြီးချင်း စောင့်ကြည့်ရန် နှင့် နားနေရန် ကုတင်များ ( Recovery Room )ထားရှိပေးခြင်း
- သန့်ရှင်းကျယ်ဝန်းသော အိမ်သာများနှင့် အဝတ်လဲခန်းများ
- လူနာစောင့်များ သက်သာစွာစောင့်ဆိုင်းနိုင်ရန် ကျယ်ဝန်းသော နေရာထိုင်ခင်းနှင့် sofa များ
စသဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
မင်္ဂလာဆေးရုံကြီး၏ Endoscopy Packages များ
- OGD Scope (အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း) – 159000 Ks
- Painless OGD Scope with sedation ( မနာမကျင် အစာအိမ်မှန်ပြောင်း ကြည့်ရှုခြင်း) – 199000 Ks
- Colonoscope with sedation ( မနာမကျင် အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း ) – 249000 Ks
- OGD + Colonoscope with sedation ( မနာမကျင် အစာအိမ် + အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း) – 399000 Ks
အထက်ပါ Packages များကို 15% Discount ဖြင့် ထပ်မံ၍စျေးလျော့ပေးထားသည်ဖြစ်သည့်အတွက် လာရောက်စစ်ဆေးကြဖို့ဖိတ်ခေါ်အပ်ပါသည်။
မင်္ဂလာ ဆေးရုံကြီးတွင် Japan နိုင်ငံမှ နောက်ဆုံးပေါ် မှန်ပြောင်းကြည့်ရှုကိရိယာ Fujifilm Eluxeo – 7000 စက်သစ်ကြီးဖြင့် စစ်ဆေးကုသလိုပါက
HOT LINE : 09 6 8888 5885 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။