Haemodialysis Center
မင်္ဂလာဆေးရုံကြီး၏ ကျောက်ကပ်တုသွေးသန့်စင်ဌာန (Haemodialysis Centre) တွင် ကျောက်ကပ်သန့်စင်ခြင်းများကို (၄၈,၀၀၀) ကျပ်တည်းဖြင့်ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။
၁။ လူ့ကိုယ်ခန္ဓာတွင် ကျောက်ကပ်သည် မည်သို့အလုပ်လုပ်သနည်း။
ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ ကျောက်ကပ်၂ လုံးသည် သွေးတွင်းမှ အညစ်အကြေးများနှင့် ပိုလျှံသောရေများကို နေ့စဥ်စွန့်ထုတ်ပေးလျက်ရှိပါသည်။ အကယ်၍ ကျောက်ကပ်များပျက်စီးပါက ထိုသို့မစွန့်ထုတ်နိုင်တော့ပဲ သွေးထဲတွင် အညစ်အကြေးများ၊ အဆိပ်များစုပုံလာပါသည်။ ထိုသို့ စုပုံလာရာမှ ခန္ဓာကိုယ်ကို ဒုက္ခပေးပါတော့သည်။.
၂။ ကျောက်ကပ်သန့်စင်ခြင်းဆိုသည်မှာ အဘယ်နည်း?
ကျောက်ကပ်သန့်စင်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိမိမိကျောက်ကပ်ဖြင့်အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်လာသော အညစ်အကြေးများနှင့်ပိုလျှံသောရေများစွန့်ထုတ်ခြင်းကို အပြင်မှ စက်နှင့်ကူလုပ်ပေးခြင်းဖြစ်ပါသည်။
ကျောက်ကပ် ပျက်စီးလေ့ရှိသော အကြောင်းရင်းများမှာ
- Diabetes mellitus (ဆီးချိုသွေးချိုရောဂါ)
- Hypertension (သွေးတိုးရောဂါ)
- Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း)
- Vasculitis (သွေးကြောရောင်ခြင်း)
- Polycystic Kidney Disease(မွေးရာပါ ကျောက်ကပ်ရေအိတ်တည်ခြင်း)
- အပြင်းအထန်ဖျားခြင်း, အပြင်းအထန်ဝမ်းလျှောခြင်း, ထိခိုက်ခြင်းများမှ ဖြစ်တတ်သော Acute Kidney Injury (ရုတ်တရက် ကျောက်ကပ်ပျက်ခြင်း) တို့ဖြစ်ပါသည်။
မင်္ဂလာဆေးရုံကြီးတွင် ကျောက်ကပ်လာဆေးသည့်လူနာများအတွက်
- ကျောက်ကပ်တုကို အယောက်စီတိုင်းအတွက်နာမည်နှင့်တကွ locker များထဲတွင် စနစ်တကျ ထိန်းသိမ်းပေးထားခြင်း
- မတ်တပ်မရပ်နိုင်သော လူနာများအတွက် wheelchair နှင့်တကွ ချိန်နိုင်ရန် စက် (weight machine) ထားရှိပေးထားခြင်း
- ရေသန့်စင်မှုနှင့် ဘက်တီးရီးယားပိုးများကင်းစင်စေရန် အတွက် R.O system ကိုအသုံးပြုထားပြီး National Health Laboratory သို့လစဉ်ပို့၍စစ်ဆေးခြင်း
- အတွေ့အကြုံရင့် Nurse ဆရာမများ၏ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးခြင်း တို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။