Basic Life Support
ultimate
Posted in blog

Basic Life Support

Basic Life Support လူနာဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု၏ အသက်သွေးကြောသည် လူနာများ၏ ဘေးကင်းလုံခြုံမှု ဖြစ်ပါသည်။ အသက်အန္တရာယ်နှင့် အရေးပေါ် အခြေအနေကြုံလာပါက အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်ရှိ အသက်ပေါင်းများစွာကို အချိန်မှီ ကယ်တင်ပေးနိုင်မှာပဲ ဖြစ်ပါသည်။ မင်္ဂလာဆေးရုံကြီးအနေဖြင့် ဆေးရုံပရဝဏ်အတွင်း၌ လူနာနှင့်မိသားစုဝင်များ ၊ ဧည့်သည်များ အရေးပေါ်အခြေအနေ ကြုံလာပါက ဘေးကင်းလုံခြုံစွာနှင့် အချိန်မှီ စောင့်ရှောက်ကုသမှုပေးနိုင်ရန် ရည်ရွယ်ပြီး ဝန်ထမ်းအလွှာ အားလုံးကို Basic Life Support သင်တန်းများအား Myanmar Emergency Medical Services မှ သင်ကြားပို့ချပေးခဲ့ပါသည်။

Operation Theatre
ultimate
Posted in blog

Operation Theatre

Operation Theatre မင်္ဂလာဆေးရုံကြီး၏ Operation Theatre ဌာနသည် Modular OT (၆) ခန်းဖြင့် တည်ဆောက်ထားပြီး အခန်းများသည် Laminar Air Flow of Class 100 (ISO5) ရရှိရန် စီမံဆောင်ရွက်ထားပါသည်။ European and American Standard များအရ ရောဂါပိုးမွှားများ ကင်းစင်စေရန် စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားသော အဆင့်အမြင့်ဆုံးသော Standard OT Room များ ဖြစ်သည်။ HEPA (High Efficiency Particulate Air) ဆိုသည့် လေထုထဲမှ ပိုးမွှားများနှင့် အမှုန်အမွှားများကို 99.97% ကာကွယ်ဖယ်ရှားပေးနိုင်သည့် စနစ်ကိုပါ တပ်ဆင်ထားရှိပါသည်။

Safety is our first priority
ultimate
Posted in blog

Safety is our first priority

Safety is our first priority မင်္ဂလာဆေးရုံကြီး၏ ပထမဉီးစားပေးသည် ” လုံခြုံရေး ” ဖြစ်သည်။ စစ်ကိုင်း ငလျင်ကြောနှင့် နီးကပ်စွာ တည်ရှိသော မန္တလေးမြို့၏ မင်္ဂလာဆေးရုံကြီးသည် ပြင်းထန်သော ငလျင်ဒဏ်ခံနိုင်မည့် အဆောက်အဉီးအဖြစ် ဒီဇိုင်းဆွဲကာ နောက်ဆုံးပေါ် ဆောက်လုပ်ရေးနည်းပညာများဖြင့် ခိုင်ခံ့စွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လူနာ၏ ဘေးကင်းလုံခြုံမှုသည် မင်္ဂလာဆေးရုံကြီး၏ ပထမဉီးစားပေးဖြစ်သည့်အားလျော်စွာ အမျိုးမျိုးသော နိုင်ငံတကာအဆင့်မှီ မီးဘေးကာကွယ်ရေးစနစ်များလည်း ထည့်သွင်းတည်ဆောက်ခဲ့ပါသည်။ သဘာဝနှင့် သဘာဝမဟုတ်သော ဘေးအန္တရာယ်များအတွက် အလုံခြုံဆုံးနှင့် စိတ်အချရဆုံးသော ဝန်ဆောင်မှုများပေးစွမ်းနိုင်မည့် ဆေးရုံကြီးတစ်ရုံအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းတည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။