Chemotherapy
ultimate
Posted in services

Chemotherapy

Chemotherpy မင်္ဂလာဆေးရုံကြီးတွင် ကင်ဆာရောဂါဝေဒနာရှင်များအတွက် ပြီးပြည့်စုံသော Chemotherapy ဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှုပေးနေပါပြီ…. ကင်ဆာဆိုသည်မှာ- ခန္ဓာကိုယ်အတွင်းတွင် ပုံမှန်မဟုတ်သော ဆဲလ်များ အထိန်းအကွပ်မရှိပဲ ကြီးထွားပွားများလာခြင်းကိုခေါ်ပါသည်။ မြစ်ပွားနာ ဟုလည်းခေါ်ကြပါသည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာ မည်သည့်အစိတ်အပိုင်းတွင်မဆိ​ု ကင်ဆာဖြစ်ပွား နိုင်ပါသည်။ ကင်ဆာရောဂါအတွက် ကုသနည်းများ မှာ- ခွဲစိတ် ဖယ်ရှားကုသခြင်း (Surgery) ကင်ဆာဆေးသွင်း ကုသခြင်း (Chemotherapy) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း (Radiation Therapy) ကိုယ်ခံအားဖြင့် ကုသခြင်း (Immunotherapy) ကင်ဆာဖြစ်ပွားသော ခန္ဓာကိုယ်အစိတ်အပိုင်းသို့ ကင်ဆာဆေးတိုက်ရိုက်ရောက်ရှိစေသော ကုသခြင်း (Targeted Therapy) ဟော်မုန်းတိုးလျော့ခြင်းဖြင့် ကုသခြင်း (Hormonal Therapy) ၎င်းကုသနည်းများထဲမှ ခွဲစိတ်ဖယ်ရှားခြင်းအပြင် မင်္ဂလာဆေးရုံတွင် ကင်ဆာဆေးသွင်းခြင်းဖြင့် ကုသနိုင်ပါပြီ။ ကင်ဆာဆဲလ်များကို သတ်နိုင်သောဆေးများကို သွေးကြောများမှ တစ်ဆင့်သွင်းကာ ကုသခြင်းဖြစ်သည်။ […]

Endoscopy Center
ultimate
Posted in services

Endoscopy Center

Endoscopy Center မင်္ဂလာဆေးရုံကြီး တွင် နောက်ဆုံးပေါ်စက်သစ်ကြီးများဖြင့် အစာအိမ်နှင့်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုကုသခြင်း စတင်၍ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်တယ်… Endoscopy မှန်ပြောင်းကြည့်ရှုကုသခြင်းဆိုသည်မှာ ကင်မရာတပ်ဆင်ထားသည့် ပိုက်ပျော့ဖြင့် အစာအိမ် နှင့် အူလမ်းကြောင်းတစ်လျှောက်ရှိ ရောဂါများကို မခွဲမစိတ်ပဲ ရှာဖွေစစ်ဆေး ကုသခြင်းဖြစ်သည်။ မှန်ပြောင်းကြည့်ရှုကုသရန် လိုအပ်သော လူနာများမှာ ကျန်းမာရေး ဆေးစစ်လိုသူများ ဝမ်းဗိုက် မကြာခဏအောင့်သူများ အစာအိမ်ရောဂါ၊ အစာအိမ်အနာရှိသူများ အစာအိမ်အူလမ်းကြောင်းတစ်လျှောက် သွေးယိုစိမ့်မှုရှိသူများ အူမကြီးကင်ဆာ သံသယရှိသူများ သွေးအားနည်းရောဂါရှိသူများ နာတာရှည် အသည်းရောဂါ (သို့) အသည်းခြောက်ရောဂါရှိသူများ အသက် (၅၀) ကျော်မှ အစာမကြေရင်ပြည့်ရင်ကယ် မကြာခဏ ဖြစ်တတ်သူများ ရောဂါရှာမတွေ့ဘဲ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားသူများ အစာမျိုချရာတွင် ခက်ခဲမှုရှိသူများ မကြာခဏ ပျို့အန်တတ်သူများ ကော်ဖီရောင် (သို့) သွေးအန်သူများ […]

Haemodialysis
ultimate
Posted in services

Haemodialysis

Haemodialysis Center မင်္ဂလာဆေးရုံကြီး၏ ကျောက်ကပ်တုသွေးသန့်စင်ဌာန (Haemodialysis Centre) တွင် ကျောက်ကပ်သန့်စင်ခြင်းများကို (၄၈,၀၀၀) ကျပ်တည်းဖြင့်ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။ ၁။ လူ့ကိုယ်ခန္ဓာတွင် ကျောက်ကပ်သည် မည်သို့အလုပ်လုပ်သနည်း။ ကျွန်ုပ်တို့ ခန္ဓာကိုယ်ရှိ ကျောက်ကပ်၂ လုံးသည် သွေးတွင်းမှ အညစ်အကြေးများနှင့် ပိုလျှံသောရေများကို နေ့စဥ်စွန့်ထုတ်ပေးလျက်ရှိပါသည်။ အကယ်၍ ကျောက်ကပ်များပျက်စီးပါက ထိုသို့မစွန့်ထုတ်နိုင်တော့ပဲ သွေးထဲတွင် အညစ်အကြေးများ၊ အဆိပ်များစုပုံလာပါသည်။ ထိုသို့ စုပုံလာရာမှ ခန္ဓာကိုယ်ကို ဒုက္ခပေးပါတော့သည်။. ၂။ ကျောက်ကပ်သန့်စင်ခြင်းဆိုသည်မှာ အဘယ်နည်း? ကျောက်ကပ်သန့်စင်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိမိမိကျောက်ကပ်ဖြင့်အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်လာသော အညစ်အကြေးများနှင့်ပိုလျှံသောရေများစွန့်ထုတ်ခြင်းကို အပြင်မှ စက်နှင့်ကူလုပ်ပေးခြင်းဖြစ်ပါသည်။ ကျောက်ကပ် ပျက်စီးလေ့ရှိသော အကြောင်းရင်းများမှာ Diabetes mellitus (ဆီးချိုသွေးချိုရောဂါ) Hypertension (သွေးတိုးရောဂါ) Glomerulonephritis (ကျောက်ကပ်ရောင်ခြင်း) Vasculitis (သွေးကြောရောင်ခြင်း) Polycystic Kidney […]

Accidents & Emergency
ultimate
Posted in services

Accidents & Emergency

ICU Grade Ford Ambulance များနှင့် ဝန်ဆောင်မှုပေးမည့် မင်္ဂလာဆေးရုံကြီးမှ အရေးပေါ်ဝန်ဆောင်မှုများ မင်္ဂလာဆေးရုံတွင် CT , MRI ရိုက်ပါက အခမဲ့ Ambulance အပို့အကြို ဝန်ဆောင်မှု (မန္တလေးမြို့အတွင်းသာ) မင်္ဂလာဆေးရုံကြီးတွင် ဆေးရုံတက်မည့်သူဆိုပါက အခမဲ့ အကြိုဝန်ဆောင်မှု များဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ သင်နှင့် သင့်မိသားစု​၏ အရေးပေါ် ကျန်းမာရေးကိစ္စရပ်များအတွက် မင်္ဂလာဆေးရုံကြီး​၏ အရေးပေါ် ဌာန (Emergency Department) အားသတိရလိုက်ပါ မင်္ဂလာဆေးရုံကြီးတွင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်း နှင့် အရေးပေါ်ကျန်းမာရေးကိစ္စရပ်များအတွက် အရေးပေါ်ဝါရင့်အထူးကုဆရာဝန်ကြီးများမှ ဦးဆောင်ပြီး အထူးလေ့ကျင့်ထားသော သူနာပြုဆရာဆရာမများဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကိုပေးလျက်ရှိပါသည်။ မင်္ဂလာဆေးရုံကြီး၏ အရေးပေါ်ပြင်ပလူနာ ဌာနတွင်လည်း၂၄ နာရီပတ်လုံး နေ့ည မရွေးလာရောက်ပြသနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။

Wellness Center
ultimate
Posted in services

Wellness Center

Wellness Center မင်္ဂလာဆေးရုံကြီး၏ wellness center တွင် အေးချမ်းစွာနှင့် သက်တောင့်သက်သာစွာဖြင့် ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်နိုင်ပါသည်။ ယခုလက်ရှိ စစ်ဆေးနိုင်သော Packages များမှာ – Medical Check Up Packages Healthy Plus Packages Total Knee & Hip Replacement Packages