Healthy Plus+ Package
ယနေ့ခေတ်ကာလတွင် ကျွန်တော်တို့လူသားများသည် စားဝတ်နေရေးအတွက် ပြင်းထန်သောပြိုင်ဆိုင်မှုများအကြားတွင် ရုန်းကန်လျှက်ရှိပါသည်။ စားဝတ်နေရေး စရိတ်များ ဖူလုံစေရန်အတွက် ကျွန်တော်တို့ထဲမှတချို့သည် လှုပ်ရှားမှုနည်းစေသော ရုံးလုပ်ငန်းများတွင် နေ့စဉ်နေ့တိုင်း အလုပ်လုပ်ကြရပါသည်။ ထိုကဲ့သို့သောသူများတွင် ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း၊ အထိုင်များခြင်း စသည့်အပြုမူများ ရှိနေနိုင်ပါသည်။
ထို့အပြင် တချို့သောသူများသည် အဆီအစိမ့်နှင့် အကြော်အလှော်များ လွန်ကဲစွာပါဝင်သော အစားအစာများ စားသုံးခြင်း၊ အဝလွန်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အရက်နှင့် ဆေးလိပ်သောက်သုံးမှု များပြားခြင်းတို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် လေဖြတ်ရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် ၎င်းရောဂါများဖြစ်ပွားမှုများ ရှိမရှိသိရှိနိုင်ရန်အတွက် Healthy Plus Checkup Package အား မင်္ဂလာဆေးရုံကြီးမှ မိတ်ဆက်ပေးလိုက်ရပါသည်ခင်ဗျာ။