Total Knee & Hip Replacement Packages

ဒူးဆစ်ရောင်ရမ်းခြင်း ရောဂါခံစားနေရသူများအတွက် သတင်းကောင်း

မင်္ဂလာဆေးရုံကြီးတွင် ၅,၂၉၀,၀၀၀ ကျပ် မှစ၍ နိုင်ငံတကာအဆင့်မှီ ဒူးအစားထိုးခွဲစိတ်ကုသမှု ကို ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

Package ပါဝင်ပြီးသော ဝန်ဆောင်မှုများ

  • ဒူးခေါင်းအစားထိုးခွဲစိတ်မှုတွင်ပါဝင်သော အရိုးခွဲစိတ် အထူးကုဆရာဝန်ကြီးများနှင့်အဖွဲ့၊ မေ့ဆေး ဆရာဝန်များ နှင့် သူနာပြုဆရာမများ၏ ဝန်ဆောင်မှုများ။
  • ခွဲစိတ်ခန်းနှင့် ခွဲစိတ်ခန်းသုံးပစ္စည်းများ အသုံးပြုခြင်း။
  • ဆေးရုံတက်‌ရောက်နေစဉ်အတွင်း လူနာအား ကြည့်ရှု့စောင့်ရှောက်ပေးသော ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် လူနာဆောင်အတွင်းရှိ ဆရာဝန်နှင့် သူနာပြုများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ။
  • သက်ဆိုင်ရာ Package အလိုက်ပါဝင်သော ဒူးခေါင်းအစားထိုးပစ္စည်း (Implant) များ၊ ပဋိဇီဝဆေးဝါးများနှင့် နာကျင်မှုသက်သာစေသော အကိုက်အခဲပျောက်ဆေးများ။
  • သက်ဆိုင်ရာ Package ထဲတွင် ပါဝင်သော လူနာအခန်းခများ။
  • ဆေးရုံတက်နေစဉ်အတွင်း ဒူးခေါင်းအစားထိုးခြင်းအတွက် အသုံးပြုသော Cement နှင့် ဆက်စပ် ပစ္စည်းများ။
  • ဆေးရုံတက်နေစဉ်အတွင်း ဒူးခေါင်းအစားထိုးခွဲစိတ်မှု လျင်မြန်စွာ တိုးတက်စေရန်အတွက် အရိုးအကြော အဆစ်နှင့် ပြန်လည်သန်စွမ်း ရေးဌာန၏ ကျန်းမာရေးလေ့ကျင့်ခန်းများ။

Package မပါဝင်သည့် ဝန်ဆောင်မှုများ

  • လူနာများ ဒူးခေါင်း အစားထိုးခွဲစိတ်မှု မတိုင်မီ ပြုလုပ်သော အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်မှုများ၊ သွေးဖေါက်စစ်ဆေးမှုများ၊ ဓါတ်မှန်နှင့် ပုံရိပ်ဖော်ဝန်ဆောင်မှုများ။
  • ခွဲစိတ်မှုပြုလုပ်ပြီးနောက် အခြားသော ရောဂါများနှင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများအတွက် စစ်ဆေးသော ဓါတ်မှန်နှင့် ပုံရိပ်ဖော်ဝန်ဆောင်မှုများ၊ သွေးဖောက် စစ်ဆေးမှုများနှင့် ကုသမှုအတွက် အသုံးပြုသော ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ။
  • Package တွင်ပါဝင်သော သတ်မှတ်ရက်ထက်ပို၍ နေရပါက သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူနာခန်းခများ။